သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး နည်းပညာတက္ကသိုလ်(မှော်ဘီ)ရှိ သင်ကြားရေး အစီအစဉ်များနှင့် လက်တွေ့သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေး


Date : 14 October, 2012

IMG_86900

နေပြည်တော်၊ အောက်တိုဘာ ၁၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် အောက်တိုဘာ ၁၃ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(မှော်ဘီ)သို့ ရောက်ရှိပြီး နည်းပညာ တက္ကသိုလ်(မှော်ဘီ)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကွန်ပျူတာလက်တွေ့ သင်ကြားမှုများကိုကြည့်ရှုခဲ့ပြီး နည်းပညာတက္ကသိုလ်(မှော်ဘီ)ရှိ ဒုတိယ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒုတိယပါမောက္ခချုပ်မှ နည်းပညာတက္ကသိုလ်(မှော်ဘီ)ရှိ သင်ကြားရေး အစီအစဉ်များ၊ လက်တွေ့သင်ကြားနေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(မှော်ဘီ) ရှိတက္ကသိုလ်ဆေးခန်းသို့ သွားရောက်ကြည့်ရှု့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.