(၇)ကြိမ်မြောက်အာဆီယံသိပ္ပံနှင့်နည်းပညာဝန်ကြီးအဆင့် အလွတ်သဘော အစည်းအဝေးသို့တက်ရောက် ခြင်း


Date : 2 December, 2012

IMG_096333

နေပြည်တော်၊ ဒီဇင်ဘာ၁၁
Krabi Initiative ၏ thematic thrusts များနှင့်အညီ အစုအဖွဲ့များ တည်ထောင်ခြင်းဖြင့် သိပ္ပံနှင့်နည်းပညာကော်မတီ ပြန်လည်ဖွဲ့စည်း တည်ထောင်ရန်၊ အစုအဖွဲ့များအားမတည်ထောင်မီပထမဦးစွာKrabi Initiative ၏ thematic thrusts (၈)ခုနှင့် သိပ္ပံနှင့်နည်းပညာကော်မတီ၏ Flagship Programmesများမှာတစ်ပြေးညီဖြစ်စေရန် (သို့မဟုတ်) ကိုက်ညီမှု ရှိစေရန်၊ ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုအားမည်ကဲ့သို့ ထိရောက်စွာ အကောင် အထည်ဖော်နိုင်မည်ကိုဆုံးဖြတ်ရန်အတွက်ကျွမ်းကျင်သူများပါဝင်သောအုပ်စု (သို့မဟုတ်) ကျွမ်းကျင်သူများမှ ခြုံငုံလေ့လာမှုပြုလုပ်ရန်၊ ထိုလေ့လာမှု အတွက် ABAPAST အားလုပ်ငန်းလမ်းညွှန်ကိုပြုစုရန်နှင့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့်ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ လေ့လာမှုကိုအပြီး ဆောင်ရွက်ရန်၊ လေ့လာမှု၏ရလဒ် မရရှိမီသိပ္ပံနှင့်နည်းပညာကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အစီရင်ခံတင်ပြမှု စနစ်များမှာ မပြောင်းလဲဘဲရှိမည်ဖြစ်ကြောင်း။
ASEAN Science Fund (ASF) Guidelines တွင်ပြဌာန်းထားသည့်အတိုင်းအာဆီယံသိပ္ပံဆိုင်ရာရန်ပုံငွေမှ ဝင်ငွေ၏ (၈၀%) ကိုအသုံးပြုခြင်းမှာသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင် မှုဆိုင်ရာအစီအစဥ်များကိုထောက်ပံ့ရန်မလုံလောက်ကြောင်း၊ ထို့ကြောင့် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ စီမံကိန်းများအား အကောင်အထည်ဖော်ခြင်းကို ထောက်ပံ့ရန် ASEAN Innovation Fund (AIF)တည်ထောင်ရန်လိုကြောင်း။
ရန်ပုံငွေအသစ်တည်ထောင်မှု၊ အထူးသဖြင့် ရန်ပုံငွေအားမည်ကဲ့သို့ ရေရှည်တည်မြဲရန် ဆောင်ရွက်မည်ဆိုသည့် အချက်နှင့်စပ်လျဥ်း၍ သေချာစွာလေ့လာဆန်းစစ်မှုပြုလုပ်ရန်လိုအပ် ကြောင်း၊ AIF တည်ထောင်မှုနှင့်စပ်လျဉ်း၍ Concept paper ကိုပူးတွဲပြုစုရန် ABAPAST နှင့် ABASF ကိုတောင်းဆိုပါကြောင်း။
သိပ္ပံနှင့်နည်းပညာဆပ်ကော်မတီများနှင့် အခြားသက်ဆိုင်ရာ အထောက် အကူပြုအဖွဲ့များ၏လုပ်ငန်းဆောင်ရွက်မှုများအားသုံးသပ်မှုကိုခြုံငုံမိစေရန် ABAPAST ၏လုပ်ပိုင်ခွင့်များကိုချဲ့ထွင်ရန်သဘောတူခဲ့ပါကြောင်း၊ ABAPAST အားသင့်လျော်သော Performance review mechanismကိုတည်ထောင်ရန် တာဝန်ပေးခဲ့ပါကြောင်း။
ASFအသုံးပြုမှုဆိုင်ရာ Guidelines တွင်ပြဌာန်း ချက်တစ်ခုက ပြင်ဆင်ရန် ABASF မှ အဆုိပြုမှုကိုထောက်ခံပါကြောင်း၊ ပြင်ဆင်မှုမှ ABASF အားသိပ္ပံနှင့်နည်းပညာကော်မတီမှ စဥ်းစားအတည်ပြုနိုင်ရန် အတွက် စီမံကိန်းများအားသတ်မှတ်သုံးသပ်အကြံပြုရန် လုပ်ပိုင်ခွင့်ပေး ပါကြောင်း။
တရုတ်နိုင်ငံမှ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်ရန် ပြင်းပြသောရည်ရွယ်မှုကိုအသိအမှတ်ပြုကာဝန်ကြီးများမှ သိပ္ပံနှင့်နည်းပညာကော်မတီအားအာဆီယံ-တရုတ် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ(မူကြမ်း) အပြီးသတ်မှုကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်တာဝန်ပေး အပ်ခဲ့ပါကြောင်းနှင့် စပ်လျဉ်းသည့် (၇) ကြိမ်မြောက် အာဆီယံသိပ္ပံနှင့်နည်းပညာ၀န်ကြီးအဆင့် အလွတ်သဘောအစည်းအဝေးကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် ကျင်းပခဲ့ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့မှ ဝန်ကြီးများ၊ အာဆီယံမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E. Alicia D. Balaနှင့်ASEAN မှ သိပ္ပံနှင့်နည်းပညာဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.