အရည်အချင်းပြည့်ဝသောအင်ဂျင်နီယာဘွဲ့ရများ၊ ကွန်ပျူတာပညာရှင်များမွေးထုတ်


Date : 14 December, 2012

IMG_8875

နေပြည်တော်၊ ဒီဇင်ဘာ၁၉
ဆရာ၊ ဆရာမများအနေဖြင့် အရည်အချင်းမြင့်မားမှုရှိစေရန်၊ ဘာသာရပ်ဆိုင်ရာများ လေ့လာပြီး သက်ဆိုင်ရာဘာသာရပ်များတွင် တိုးတက်မှုရှိအောင် လုပ်ဆောင်ကြရန်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ကြရန် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးက ဒီဇင်ဘာလ၁၆ရက်နေ့တွင် ပြည်နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်သောဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် စနစ်တကျသင်ကြားပေးကြရန်၊ လက်တွေ့ပစ္စည်းများကို အကျိုးရှိရှိ၊ အသုံးပြုလုပ်ဆောင်ကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်ဝင်ရန်အဆင်သင့် ဖြစ်အောင်သင်ကြားပေးကြရန ်လမ်းညွှန်မှာကြားခဲ့ပြီးပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဂရုတစိုက် လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လက်ပံတန်းမြို့ရှိ ဇီဝနည်းပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မအူပင်မြို့သို့ရောက်ရှိပြီး နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ဒုတိယပါမောက္ခချုပ်၊ ခေတ္တကျောင်းအုပ်ကြီးများ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံကာကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေး အထောက်ပံ့ ဖြစ်စေမည့် လက်တွေ့ပစ္စည်းများနှင့် ကွန်ပျူတာများလုံလောက်မ ှုရှိစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးနှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း(မအူပင်)များရှိကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.