မြန်မာနှင့် ဂျပန်နိုင်ငံအကြား နည်းပညာကဏ္ဍ တိုးမြှင့်နိုင်ရေးကြိုးပမ်း


Date : 10 March, 2013

IMG_0515

နေပြည်တော်၊ မတ် ၁၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှ (၇) ရက်နေ့ထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မတ်လ (၄) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ပညာရေး၊ ယဥ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၌ အဆိုပါ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Hakubun SHIMOMURA နှင့်တွေ့ဆုံ၍သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်အဆင့်ပညာရေး နှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုကျိုမြို့ Kasumigaseki Building ၌ Chiba University၊ Niigata University၊ Kanazawa University၊ Okayama University၊ Nagasaki University နှင့် Kumamoto Univeristy တို့မှ ပါမောက္ခချုပ်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့အား အဆင့်မြှင့်တင်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ သင်ကြားရေးနှင့် သုတေသနသုံးပစ္စည်းများ ကူညီပံ့ပိုးပေးရေး၊ သင်တန်းသားများ လက်ခံသင်ကြားပေးရေး၊ ဂျပန်နိုင်ငံမှ ပါမောက္ခများ လာရောက်သင်ကြား ပေးရေး၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ အမျိုးသား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သိပ္ပံတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ Chiba University တွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ Research and Development Centre of Terumo Medical Equipment Company မှဆောင်ရွက်လျက်ရှိသည့် Medical Equipment များ အသုံးပြုမှုသင်တန်းများနှင့် J-Power Company မှ ဆောင်ရွက်လျက် ရှိသော အဆင့်မြင့်နည်းပညာ အခြေခံ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.