ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး နည်းပညာတက္ကသိုလ်(မန္တလေး)၌ ကြည့်ရှုစစ်ဆေး


Date : 30 June, 2013

IMG_0590

အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ၊ ဆရာမများအနေဖြင့် စီမံကိန်းများရေးဆွဲရာတွင် တစ်ဦးချင်းစီ ပါဝင်ကာ ဝိုင်းဝန်း ကြိုးပမ်း၍ စီမံကိန်းဦးတည်ချက်များကို အကောင်ထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ပစ္စည်းများ ပြည့်စုံနိုင်ရေး စီစဉ်ကြိုးပမ်းပေးရမည် ဖြစ်ကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်ရောက်အောင် ကြိုးစားလေ့လာ ထားကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် စေတနာထား သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် လုပ်ဆောင် နေကြရန်လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဇွန်လ ၃၀ ရက်တွင် နည်းပညာတက္ကသိုလ်(မန္တလေး)၌ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံစဉ်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် နည်းပညာတက္ကသိုလ်(မန္တလေး)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံ များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မန္တလေးကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ပြီး မြန်မာ-အိန္ဒိယ ပူးပေါင်း၍ဖွင့်လှစ်မည့် မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology-MIIT) သင်တန်းများအတွက် ယာယီစာသင်ဆောင် ဆောက်လုပ် နေမှုများနှင့် စာသင်ခန်းများ၊ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.