သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်


Date : 12 July, 2013

IMG_1878

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ၂၀၁၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုး သားပေါက် စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးရုံးရှေ့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဌာနအလိုက် တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်ပြီး အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက အရိပ်ရ လေကာပင်များနှင့် သီးပင်စားပင်များကို စိုက်ပျိုးကြကာ ပြည်ထောင်စုဝန်ကြီးနှင့် အတူဝန်ထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်းများ၊ အမှုထမ်းမျာက ရေကန်အမှတ်(၃) အတွင်းသို့ ငါးမျိုးသားပေါက်များ စိုက်ထည့်ကြသည်။
ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ စိန်ပန်း၊ ကံ့ကော်၊ စွယ်တော်၊ ကွမ်းသီးပင်၊ ပိန္နဲ၊ အုန်း၊ သရက်၊ ငှက်ပျော၊ ရေတမာ၊ မဟော်ဂနီ၊ ပျဉ်းမပင်၊ မယ်ဇလီ၊ ခရေနှင့် ငုရွှေဝါ စုစုပေါင်း ၁၂၀၀ ကို စိုက်ပျိုးပေးပြီး ငါးကြင်းရွှေဝါ၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ မြက်စားငါးကြင်းနှင့် တီလားဗီးလား ငါးသားပေါက်များကို မျိုးစိုက်ထည့် ကြသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် သစ်ပင်စုစုပေါင်း ၂၅၈၇၄ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

IMG_1806



Bookmark the permalink.

Comments are closed.