သုတေသနလုပ်ငန်းများ အောင်မြင်နိုင်ရေးကြိုးပမ်းကြရန်တိုက်တွန်း


Date : 24 July, 2013

IMG_0247

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၌ ဌာနဆိုင်ရာ အကြီးအကဲများ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် သုတေသီများအား တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များကို အမြဲမပြတ် လေ့လာနေရန် ဖြစ်ပြီး မိမိတို့ သုတေသနလုပ်ငန်းများသည် အဆိုပါ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် Inline ဖြစ်နေရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသေးသည်၊ ကြီးသည် အဓိကမဟုတ်ဘဲ လုပ်ဆောင်မှုရလဒ်သည် ပြည်သူ လူထုအများစု အတွက် အကျိုးသက်ရောက်မှု ရရှိနေစေရန်ဖြစ်ကြောင်း၊ သုတေသန ဝန်ထမ်းများအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအပေါ် အထူးကြိုးပမ်း ဆောင်ရွက်သွားကြ ရန်နှင့် နိုင်ငံတော်အတွက် လိုအပ်နေဦးမည့် အခြားသော ဆောင်ရွက်ရန် လုပ်ငန်းများအတွက်လည်း ပြည့်စုံသော စီမံချက်များ စနစ်တကျ ပြုစုထားရန်လိုကြောင်း၊ စီမံချက်များရေးဆွဲရာတွင် ငွေကြေးလိုအပ်ချက်နှင့် အမှန်တကယ် အသုံးပြုနိုင်မည့် အခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားကြရန်နှင့် အမြဲရှင်သန်နေသော သုတေသနအဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေး အတွက် မိမိအပါအဝင်၊ မိမိအဖွဲ့အစည်းဝင်အားလုံး၏ စွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်း Capacity Building ကိုအလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.