ဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲနှင့် လက်တွေ့အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း


Date : 27 September, 2013

_DSC3630

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ပူးပေါင်းမှုဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် အလိုအလျောက် ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှုများ ကျယ်ပြန့်လာစေရန်အတွက် ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၇ ရက်တွင် အနာဂတ်ကိုရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Symposium on Education and Training for the Future) ကိုလည်ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Industrial Automation) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင်လည်ကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC) တွင် ကျင်းပပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.