အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းချက်များဆိုင်ရာစည်းဝေး


Date : 2 October, 2013

IMG_0045

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO)မှ ဥပဒေကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေများတွင်ပါရှိသည့် အရေးယူမှု ပြဋ္ဌာန်းချက်များဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂ ရက်က အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေများ ဖြစ်သည့် တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများကို TRIPS Agreement နှင့်အညီ မူကြမ်းများရေးဆွဲခဲ့ ပါကြောင်း၊ ယင်းနှင့် တစ်ဆက်တည်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုများ၊ မူပိုင်ခွင့် ခိုးမှုများ၊ တုပမှုများကို နှိမ်နင်းပေးနိုင်ရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးရေးဆိုင်ရာ စနစ်တစ်ရပ် ပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများတွင် ပါရှိသည့် အရေးယူ မှုဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ဆွေးနွေးကြလို ပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အဖွဲ့ကိုယ်စားလှယ် များနှင့် ဂျပန်နိုင်ငံ တီထွင်မှု မူပိုင်ခွင့်ရုံးမှ ကိုယ်စားလှယ်များက အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် ဥပဒေများ၏ အရေးယူမှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုတင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.