သတင်းအချက်လက်နှင့် နည်းပညာကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး


Date : 31 October, 2013

IMG_0040

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်း(လှိုင်)တွင် ဖွင့်လှစ် ထားရှိသော အိန္ဒိယ-မြန်မာ သတင်းအချက်လက်နှင့် နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေး (India-Myanmar Centre for Enhancement of Information Technology Skills- IMCEITS) သင်တန်း၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်အတွက် သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ရန်၊ နိုင်ငံတကာအသိအမှတ်ပြု Joint Certificate များပေးအပ်နိုင်သည့် သင်တန်း ကျောင်းအဖြစ် ရပ်တည်ရန်အတွက် အိန္ဒိယနုိင်ငံရှိ (Centre for Development of Advanced Computing-CDAC) ၏ Authorized Training Centre တစ်ခုအဖြစ် တည်ထောင်ရန်၊ လက်ရှိပြင်ပ၌ အသုံးပြုလျက်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများနှင့် ကိုက်ညီမှုရှိစေမည့် သင်ရိုးညွှန်းတမ်းများမြှင့်တင်ရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်ဟူသော ရည်ရွယ်ချက်တို့ အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား IMCEITS သင်တန်း၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် နေ့လည် ၂ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

            အဆိုပါသင်တန်းမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် လုပ်ငန်းခွင်လက်တွေ့ အသုံးပြုနိုင်သော ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဗဟုသုတ များနှင့် အတွေ့အကြုံများ ရရှိနိုင်ခြင်းတို့ကြောင့် မိမိနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.