တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြု ဗဟိုဌာနများဆွေးနွေး


Date : 11 December, 2013

IMG_0117

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO)တို့ ပူးပေါင်းစီစဥ်မှုဖြင့် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာ အထောက်အကူပြု ဗဟိုဌာနများ (Technology and Innovation Support Centers- TISCs) ဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီက အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘ‌ေရွှကအသိဉာဏ်ပစ္စည်း မူပိုင်ခွင့်သည် ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍများမှ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများအထိ အဓိကကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကဏ္ဍ တိုးတက်စေရန်အတွက် မြန်မာနိုင်ငံတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြု ဗဟိုဌာနများတည်ထောင်ရန် ဆောင်ရွက်မှုများ လိုအပ်ပါကြောင်း၊ အဆိုပါ ဗဟိုဌာနများသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တီထွင်သူများ၊ သုတေသနပြုလုပ်သူများကို ဒေသအလိုက် နည်းပညာ သတင်းအချက်အလက်များနှင့် ဆက်စပ်နေသော လုပ်ငန်းများအား ပိုမိုမြင့်မားစေရန်၊ တီထွင်မှုများ အသုံးချရာတွင် ကူညီပေးရန်၊ နိုင်ငံ၏ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများအား ဖန်တီးရန်၊ ကာကွယ်ရန်၊ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြု ဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြု ဗဟိုဌာနနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.