Professional Communications Skills for Leaders သင်တန်းဖွင့်လှစ်ခြင်း


Date : 9 January, 2014

IMG_0033

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးများနှင့် အလယ်အလတ်အဆင့်အရာရှိများ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ရေးဆွေးနွေးပွဲ Seminar on Professional Communications Skills for Leaders ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတွင် ဆွေးနွေးပို့ချမည့် အမေရိကန်နိုင်ငံမှ ပါမောက္ခ Mr. Joseph P. Vignos က သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို Lower Mekong Initiative Program အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်‌ေထာင်စုသံရုံးနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ သင်တန်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.