ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး နည်းပညာသုတေသနဌာန(ပြင်ဦးလွင်) သို့ကြည်‌့ရှုစစ်ဆေး


Date : 29 January, 2014

IMG_0393

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)သို့ ရောက်ရှိ ကာ ဌာနတာဝန်ခံ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီးနောက် နည်းပညာသုတေသန ဌာန(ပြင်ဦးလွင်)ရှိ CNC Control သုတေသနဌာန၊ CNC သုတေသနဌာနနှင့် Production Technology သုတေသနဌာနတို့ရှိ ရိုးရိုးတွင်ခုံ၊ ဖောက်ခုံများအား PC Based CNC Lathe Machine များအဖြစ်သို့ ပြုပြင်ပြောင်းလဲခြင်း၊ သုတေသနလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှုနှင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးမြင့် PC Based CNC Lathe Machine များ ဆက်လက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး ခဲ့သည်။

                  ဆက်လက်၍ ဌာနတာဝန်ခံက နိုင်ငံခြားမှ မှာယူတင်သွင်းနေရသည့် CNC စက်ပစ္စည်းများနေရာတွင် ပြည်တွင်းထုတ်စက်များနှင့် စျေးနှုန်းသက်သာစွာ အသုံးပြုနိုင်ခြင်း၊ ထုတ်လုပ်တပ်ဆင်ပြီး CNC စက်များအား ပုဂ္ဂလိကလုပ်ငန်းများသို့ စျေးနှုန်းသက်သာစွာဖြင့် ငှားရမ်းပေးနိုင်ခြင်း၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ၏ သင်ထောက်ကူပစ္စည်းများအဖြစ် လက်တွေ့ လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် CNC နှင့် CAD / CAM Technology သာမက Machine Control ပိုင်း သိရှိနားလည်စေနိုင်သည့် အကျိုးကျေးဇူးများ ရရှိမှုတို့အား ရှင်းလင်းတင်ပြသည်။

                  ယင်းနောက် နည်းပညာသုတေသနဌာနတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတို့တွင် အသုံးပြုရန် စမ်းသပ်ထုတ်လုပ်လျက်ရှိသည့် Automobile Technology ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ Automobile Training Kit ဖြစ်သည့် Lighting System၊ Ignition System၊ Starting System နှင့် Charging System များ၊ Acrylics Sheet ကို အသုံးပြု၍ သင်ထောက်ကူပစ္စည်းများအဖြစ် Hydraulic Brake System၊ Anti – Lock Brake System (ABS)၊ Turbo Charging System နှင့် Valves Train System စသည့် Teaching Aid Model များကို စမ်းသပ်ဆောင်ရွက်နေမှုများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအားရရှိစေရန်၊ ပတ်ဝန်းကျင်မှ ရရှိနိုင်သော ရေအရင်းအမြစ်ကိုအသုံးပြု၍ လည်ပတ်နိုင်သော အသေးစားရေအားလျှပ်စစ် တာဘိုင်များကို သုတေသနပြုထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.