လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာရပ်သင်တန်းများအား စာတွေ့၊ လက်တွေ့ ချိတ်ဆက်သင်ကြားပေးနိုင်ရေး


Date : 31 January, 2014

IMG_0504

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး သည် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ စက်မှုနည်းပညာ မြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)သို့ ရောက်ရှိကာ ယခုလက်ရှိ ဆောင်ရွက်လျက်ရှိသည့် Technical Teachers Training ကို ပိုမို၍ကောင်းမွန်စွာနှင့် ကျယ်ပြန့်စွာသင်ကြားနိုင်ရေး ဆောင်ရွက်ကြရန်၊ နည်းပညာရပ်များအား လက်တွေ့ နယ်ပယ်တွင် အသုံးချလုပ်ဆောင်သွားနိုင်ရန် ဖြန့်ဝေပေးခြင်းနှင့် အလုပ်ရုံလုပ်ငန်းများတွင် တွင်ကျယ်စွာ ဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြု နည်းပညာရပ်များနှင့် သက်ဆိုင်သော သုတေသန လုပ်ငန်းများ လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားသည်။

                  ယင်းနောက် သင်တန်းကျောင်းရှိ အလုပ်ရုံများ၊ စာသင်ခန်းများနှင့် သင်တန်းကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်ပြုစု ပျိုးထောင်ပေးနိုင်သော လက်တွေ့ကျွမ်းကျင်မှု သင်တန်း များနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ လက်တွေ့သင်တန်းများ အဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနိုင်ရေးတို့အား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.