ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်


Date : 26 April, 2014

IMG_4869

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်တွင် ကျရောက်သော ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားအား ရန်ကုန်မြို့ရှိ (Myanmar Information and Communication Technology Park-MICT) ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “ရုပ်ရှင်-တစ်ကမ္ဘာလုံးဆိုင်ရာစွဲလမ်းမှု” ဟူေသာ ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရုပ်ရှင်နှင့် ဂီတအပါအဝင် ဖန်တီးထုတ်လုပ်မှုလုပ်ငန်းများ၏ အရေးပါသော အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင် စေပါကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်တွင် ဖန်တီးသူများက ၎င်းတို့ဖန်တီးမှုများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် မူပိုင်ခွင့်များအား အကာအကွယ်ပေးခြင်းသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် ဖော်ဆောင်ကြမည့် ကျွနု်ပ်တို့နိုင်ငံသားများ၏ ဖန်တီးလိုသည့်စိတ်ဓာတ်ကို မြှင့်တင်နိုင်စေရန်အတွက် ယနေ့ပြုလုပ်သော ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားမှ များစွာအကျိုးဖြစ်ထွန်း စေ နိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် အသိဉာဏ်ပစ္စည်းနှင့် ဆက်စပ်လျက်ရှိသော ကိစ္စရပ်များ၏ နယ်ပယ် များသည် ပိုမိုကျယ်ပြန့်လာပြီး ကဏ္ဍအားလုံးနှင့်လည်း ဆက်နွယ်လျက်ရှိပါကြောင်း၊ ဖန်တီးမှု (သို့မဟုတ်) တီထွင်မှုများအတွက် အသိဉာဏ်ပစ္စည်း ကာကွယ်မှုစနစ်တစ်ရပ်သည် တိုင်းပြည် တစ်ခု၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တွန်းအားတစ်ရပ်ပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဖန်တီးသူများကို ကာကွယ် ပေးခြင်းတို့အကြားတွင် မျှတပြီးသင့်တော်ကောင်းမွန်သော Intellectual Property(IP) စနစ် တစ်ခုထူထောင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အခြားသက်ဆိုင်သော ဝန်ကြီးဌာန များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးသည် WIPO မှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားပေးပြီး ဒေါ်တင်ဥမ္မာထွန်းနှင့် ဒေါက်တာစိန်ဝင်းတို့သည် ASEAN IP Association(AIPA) နှင့် IP Association Myanmar(IPAM) တို့မှ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ IP Section မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.