နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


Date : 4 May, 2014

IMG_0060

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စက်မှုနှင့်သက်မွေးပညာဦးစီး ဌာန(တောင်ပိုင်းရုံးခွဲ)တွင် ကျင်းပသော နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ရေးအတွက် ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေးသည်အဓိက အရေးပါကြောင်း၊ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍတို့တွင် ရေရှည်၌ကောင်းမွန်သော အုတ်မြစ်ချပေးနိုင်ရန်နှင့် ရေတိုလုပ်ငန်းစဥ်များ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် Working Group များ ဖွဲ့စည်းပြီး မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံတော်၌ ပြည်သူတို့၏ လိုအပ်ချက်များပေါ် အခြေခံ၍ ဆွေးနွေးကြရန်လိုကြောင်း၊ ထိုဆွေးနွေးမှုများမှ ရရှိလာသော ဆွေးနွေးချက်များအား Task Force အစည်းအဝေးများတွင် တင်ပြဆွေးနွေးဆုံးဖြတ်ကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်တို့မှ နိုင်ငံတော်၌ လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများနှင့် Working Group များ အပြီးသတ်ဖွဲ့စည်းနိုင်ရေး စီစဥ်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့ကြ ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍတို့အား တိုးချဲ့မြှင့်တင်နိုင်ရေးနှင့် Working Group များ ဖွဲ့စည်းနိုင်ရေးတို့အား တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.