ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်လက်မှတ်ရေးထိုးပွဲ အခမ်းအနား


Date : 22 May, 2014

IMG_5262

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ ‌ေမလ (၂၂) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ အသက် မွေးဝမ်းကျောင်း ပညာရေးကော်မရှင် (Office of the Vocational Education Commission-OVEC) တို့အကြား နည်းပညာနှင့်သက်မွေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ဖိတ်ကြားထားသူများနှင့် ထိုင်းနိုင်ငံ ပညာရေး ဝန်ကြီးဌာနအောက်ရှိ အသက်မွေးဝမ်းကျောင်း ပညာရေးကော်မရှင်မှ ဒုတိယအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Akanit Klungsan နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာနနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ အသက်မွေးဝမ်းကျောင်း ပညာရေးကော်မရှင် (OVEC) တို့အကြား နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဥ်များ ပိုမိုဆောင်ရွက်နိုင်စေရန်နှင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ အပြန်အလှန်ပူးပေါင်း ဖလှယ်နိုင်ရေးအတွက် ၎င်းသက်မွေးပညာရပ် ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ မူဘောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
အဆိုပါ မူဘောင်လက်မှတ်ရေးထိုးခြင်းအားဖြင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ သင်တန်း ဌာနနှင့် ကျောင်းများအကြား သင်ကြားရေးအတွေ့အကြုံကောင်းများ ဖလှယ်နိုင်ခြင်း၊ သင်ကြားရေး ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်းများသို့ တက်ရောက်နိုင်ရန် စီစဥ် ဆောင်ရွက်နိုင်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းဌာနများမှ ဖိတ်ကြားသော လက်တွေ့သင်တန်းများ စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း၊ လေ့ကျင့်သင်ကြားမှု ပိုမိုကောင်းမွန်သော သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆွဲခြင်း၊ ထိုင်း-မြန်မာနယ်စပ် ဒေသများဖြစ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဒေသခံလူငယ်များအတွက် သက်မွေးပညာရပ်ဆိုင်ရာများ သင်ကြားခွင့်များပိုမို ရရှိလာနိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ လူငယ်လူရွယ်များအတွက် ကျွမ်းကျင်မှုအရည်အသွေး တိုးတက်မြင့်မားစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကေြာင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ အသက်မွေးဝမ်းကျောင်း ပညာရေးကော်မရှင်မှ ဒုတိယအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Akanit Klungsan နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းတို့မှ နည်းပညာနှင့်သက်မွေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ အသက်မွေးဝမ်းကျောင်း ပညာရေးကော်မရှင်မှ ဒုတိယအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Akanit Klungsan တို့သည် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး ခဲ့ကြပါသည်။
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ််များမှ ပေးအပ်ချီးမြှင့်သည့် နည်းပညာနှင့်သက်မွေးပညာရပ်ဆိုင်ရာ သင်တန်းဆင်း လက်မှတ်များအား အပြန်အလှန် တရားဝင်အသိအမှတ်ပြုနိုင်ခြင်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ််ငန်းအစီအစဥ်များ ဆွေးနွေးညှိနှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှု များအား ညှိနှိုင်းဆောင်ရွက်ရန်အတွက် ယခု ကျင်းပပြုလုပ်သည့် အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အလှည့်ကျ ကျင်းပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

IMG_5234



Bookmark the permalink.

Comments are closed.