သင်ကြား၊ စီမံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 23 May, 2014

IMG_0941

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ ကွန်ပျူတာ တက္ကသိုလ်များ၏ သင်ကြား၊ စီမံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဝန်ထမ်းများအားလုံးသည် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်ပေါ်သစ္စာရှိကြရန်၊ ခေတ်နှင့်‌ေလျာ်ညီသော စီမံခန့်ခွဲမှုများ၊ စည်းကမ်းထိန်းသိမ်းမှုများ ဆောင်ရွက်ကြရန်၊ ကျောင်းအလိုက် အဆောက်အဦ၊ လက်တွေ့လုပ်ဆောင်ရန် စက်ပစ္စည်း ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် ဆရာ၊ ဆရာမများ အရည်အချင်း မြှင့်တင်နိုင်ရေးတို့အတွက် အသေးစိတ်စီမံချက်များ ထားရှိဆောင်ရွက်ကြရန်၊ သင်ကြားမှု၊ သင်ယူမှုများတွင် သတင်း အချက်အလက်နည်းပညာကို အကျိုးရှိထိ‌ေရာက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ် တို့မှ သင်ကြား‌ေရး၊ စီမံခန့်ခွဲရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ပါမောက္ခချုပ်မှ ကွန်ပျူတာတက္ကသိုလ်များ၏ သင်ကြားရေး၊ စီမံရေး၊ ဘဏ္ဍာရေးနှင့် ကျောင်းသားရေးရာဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ ရှင်းလင်း တင်ပြပြီး ကျောင်းအုပ်ကြီးများမှလည်း မိမိတို့၏တက္ကသိုလ်အလိုက် သင်ကြားရေး၊ စီမံရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.