နည်းပညာနှင့် အသက် မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ဆိုင်ရာ ညှိနှိုင်းဆွေးနွေး


Date : 11 June, 2014

IMG_3450

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၏ နည်းပညာနှင့် အသက် မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့၊ Working Group များနှင့် Development Partner များ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုဦး၊ TVET နှင့် သက်ဆိုင်သောဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ Task Force ကော်မတီဝင်များ၊ Development Partner အဖွဲ့အစည်း များမှပုဂ္ဂိုလ်များနှင့် Development Partner အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားရာ၌ ပညာရေးမြှင့်တင်ရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (Education Promotion and Implementation Committee-EPIC) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Development Partner များနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်း သွားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပညာရေးမြှင့်တင်ရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီကို ၂၀၁၃ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပညာရေးမြှင့်တင်ရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် အမျိုးသား ပညာရေးစီမံကိန်းနှင့် TVET လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ TVET Task Force ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ Chair Person အဖြစ်ပါဝင်ပြီး အခြားဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခဲ့ ပါကြောင်း၊ Policy၊ Lawနှင့် Planning များကို သုံးလအတွင်း ရည်မှန်း၍ ရေးဆွဲထားရှိပကြောင်း၊ Policy၊ Lawနှင့် Planning များရေးဆွဲရာတွင် Development Partner များနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးမှ အသက်မွေးဝမ်းကျောင်းပညာနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှုရှိပါကြောင်း၊ Vocational Training ကျောင်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း၊ နည်းပညာတက္ကသိုလ်များကို Autonomous Universities များအဖြစ် ဖွဲ့စည်းရန်ရှိပါကြောင်း၊ အချို့သော ဝန်ကြီးဌာနများ အနေဖြင့် Mobile Technical Training Team များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသောကြောင့် ဒေသလို အပ်ချက်နှင့် ကိုက်ညီမှုရှိပြီး လိုအပ်သောကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်သွားရ မည်ဖြစ်ပါကြောင်း။
အလုပ်အကုိင်အခွင့်အလမ်းများ ပွင့်လန်းလာအောင် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Testing Centre ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ TVET Sector ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံခြားကူညီထောက်ပံ့မှုများမှာ ကြန့်ကြာ နိုင်သည့်အတွက် မိမိတို့ လုပ်ဆောင်မှုများအတိုင်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ထို့နောက် နိုင်ငံခြားကူညီ ထောက်ပံ့မှုများဖြင့် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ် ပေးသွားရမည် ဖြစ်ပါကြောင်း၊ Vocational Training များ ဆောင်ရွက်ရာတွင်လည်း အများပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများ အလိုက် သတင်းစာများတွင် ထပ်မံကြော်ငြာသွားရန် လိုအပ်ပါ ကြောင်း၊ Drop Out ဖြစ်လာနိုင်သော ကျောင်းသားများအတွက် ကျောင်းဖွင့်ချိန်နှင့် Vocational Training ကို ချိန်ညှိလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ Vocational Training ဆောင်ရွက်ရာတွင်လည်း သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မားစေရန် လိုအပ်ပါကြောင်း၊ Training of Trainers များ လုပ်ဆောင်သွား ကြရန် လိုအပ်ပါကြောင်း။
Teaching Aids ကိစ္စကိုလည်းညှိနှိုင်း ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ Testing Centre အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Vocational Training အတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ဆရာ၊ ဆရာမ များအား နိုင်ငံခြားပညာတော်သင်စေလွှတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားသို့စေလွှတ်ရာတွင် ဝန်ကြီးဌာနများအား မှာကြား လိုသည်မှာ ကွန်ပျူတာတတ်ကျွမ်းပြီး ပညာသင်ကြားလိုသော ဆရာ၊ ဆရာမများအား စေလွှတ်ပေးစေလိုပါကြောင်း၊ တတ်မြောက်အောင်လည်း မိမိတို့ဘက်မှ ကြိုတင် ပြင်ဆင်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့တွင် Upgrading Plan များ ရှိရန်လည်း လိုအပ်ပါကြောင်း၊ Plan များကို စနစ်တကျ လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ Task Force ဖွဲ့စည်းမှုတွင် Focal ဖြစ်ပြီး Organizer ဖြစ်သည့်အတွက် ဦးဆောင်၍ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ Skill Standard Authority နှင့် နည်းပညာကျွမ်းကျင်မှုနှင့် သက်မွေးပညာရေးကောင်စီ (၂) ခု၏ လုပ်ဆောင်ချက်မှာ ဟန်ချက်ညီပြီး တိကျစွာ စီမံခန့်ခွဲသွားရန် လိုအပ်ပါကြောင်း၊ TVET Task Force တွင် ပါဝင်ကြသော ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပေါင်းစပ်ညှိနှိုင်းသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအား ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အမျိုးသား ပညာရေးဥပဒေနှင့် အမျိုးသားပညာရေး မူဝါဒများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် အမျိုးသားပညာရေးစီမံကိန်းနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်အတွက် နည်းပညာနှင့် အသက်မွေးပညာရေးကဏ္ဍကို တိုးချ့ဲမြှင့်တင်ဆောင်ရွက်ရန်အတွက် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေး၀မ်းကျောင်းပညာရေး မြှင့်တင်မှုအကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့အား နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များဖြင့် ၂၀၁၄ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာနအနေဖြင့် Focal Ministry အဖြစ် ဆောင်ရွက်၍ အစည်းအဝေး များအား ကျင်းပပေးခဲ့ပါကြောင်း။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့်အသက်မွေး၀မ်းကျောင်း ပညာရေး၏ စွမ်းရည်များအား နားလည်မှုရှိစွာဖြင့် မြန်မာနိုင်ငံရှိ TVET အဖွဲ့အစည်း များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအကြား ထိရောက်မှုရှိသော ပူးပေါင်း ဆောင်ရွက်ရေးအား တိုးချဲ့ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေး ပညာရေးဆိုင်ရာဥပဒေရေးဆွဲခြင်း၊ မူ၀ါဒများရေးဆွဲခြင်း၊ အရည်အသွေး အကဲဖြတ်ခြင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်ခြင်း နှင့် TVET Institutions များအတွက် အခြေခံအဆောက်အဦများ ထောက်ပံ့ပေးရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များအား ရှာဖွေသတ်မှတ်ရန်ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးမှ မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့အကြားပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်တင် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဆက်လက်ဆောင်ရွက်နိုင်စွမ်းရှိမည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော Task Force အတွင်းရေးမှူး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ Working Group ခေါင်းဆောင်များမှ မိမိတို့အဖွဲ့အလိုက်ဆောင်ရွက်နေသောလုပ်ငန်းများ၊ Development Partners များနှင့် ပူးပေါင်းဆောင်ရွက်လိုသောလုပ်ငန်းများအား ဆွေးနွေးတင်ပြချက်များ အပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသော Development Partners အဖွဲ့အစည်းမှ ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် အထူး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး Future Generation အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် TVET Law နှင့် Policy များြဖစ်စေရေးအတွက် သေချာစွာဆွေးနွေး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။



Bookmark the permalink.

Comments are closed.