ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် ကျွမ်းကျင်လုပ်သားစျေးကွက် ချိတ်ဆက်ဖြည့်ဆည်းရေး လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဆောင်ရွက်


Date : 8 July, 2014

IMG_7200

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက နိုင်ငံတော် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား တတိယအဆင့် အရှိန်မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်တွင် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက် ရရှိလာရေးအတွက် နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးရေး ‌ေဆာင်ရွက်ကြရန် ပါရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်း သင်တန်း များကို ပြန်လည်သုံးသပ်၍ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် ကျွမ်းကျင်လုပ်သား စျေးကွက် ချိတ်ဆက်ဖြည့်ဆည်းရေး လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲ ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအသီးသီးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းရေးဆွဲ အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်း၊ မူဝါဒနှင့် ဥပဒေများ ရေးဆွဲရာတွင်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီး ပွားရေး လက်တွေ့ဘဝ လိုအပ်ချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဦးတည်ဆွေးနွေး ရေးဆွဲကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက လက်ရှိဖွင့်လှစ်ထားသော သင်တန်းကျောင်းများအား ပိုမိုကောင်းမွန်အောင်၊ ဒေသလိုအပ်ချက်များနှင့် ကိုက်ညီသော သင်တန်းများအား ဒေသအလိုက်ဖွင့်လှစ်ပေးနိုင်ရေးနှင့် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေးကဏ္ဍ ပိုမိုခိုင်မာ စေရေးနှင့် ပြည့်စုံစေရေးတို့အတွက် မူဝါဒနှင့် ဥပဒေများ ကိုလည်းရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက နည်းပညာနှင့် သက်မွေး ပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.