စာသင်ချိန်များကို အလေးထား စာတွေ့၊ လက်တွေ့ တတ်မြောက်အောင်သင်ကြား


Date : 14 July, 2014

IMG_9484

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ဌာနနှင့် လက်တွေ့ခန်း များအား စနစ်တကျရှိစေရန်၊ စာသင်ချိန်များကို အလေးထား၍ စာတွေ့၊ လက်တွေ့ တတ်မြောက်အောင် သင်ကြားပေးကြရန်၊ စီမံခန့်ခွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များအား တစ်ဦးချင်းအလိုက်၊ အတန်းအလိုက်၊ ဘာသာရပ်အလိုက် စီမံထိန်းသိမ်းကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ််များ သို့ရောက်ရှိကာ ခေတ္တကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် တွေ့ဆုံကာ အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တစ်ဦးချင်း ဘာသာရပ်များကို ပိုမိုကွျမ်းကျင်မှုရှိစေရန် လေ့လာခြင်းဖြင့်တိုးတက်မှုရှိလာပြီး ဌာနနှင့် ကျောင်းတိုးတက်စေရေးအတွက် အဆင့်အလိုက်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တာဝန်သိမှု၊ တာဝန်ယူမှုစိတ်ဓာတ်ဖြင့်ကြိုးစားပြီး နိုင်ငံတကာအဆင့်မီနိုင်ရေး မျှော်မှန်းထားကြရန် လိုကြောင်း မှာကြားခဲ့ပြီး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ရှိ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် ဌာနများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.