စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


Date : 17 August, 2014

IMG_8625

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် သြဂုတ် ၁၇ ရက်နေ့တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသော နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခင်အစည်းအဝေးမှ ဖြန့်ဝေ ထားပြီးဖြစ်သော မူကြမ်းပြုစုဆဲဖြစ်သည့် အဆင့်မြင့်ပညာရေးဥပဒေ၊ ကိုယ်ပိုင် တက္ကသိုလ်ဥပဒေနှင့် နည်းပညာနှင့် သက်မွေးပညာဥပဒေများအား သိရှိစေရေး ဆွေးနွေးပွဲများ ပြုလုပ်သွားကြရန်၊ ပြည်သူအခြေပြု ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် များကို လုပ်ဆောင်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် တာဝန်ခွဲဝေမှုအပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းများကို စနစ်တကျ လုပ်ဆောင် သွားကြရန်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ကျရာအပိုင်းလိုက် ပြီးမြောက်အောင် ပေါင်းစပ် ညှိနှိုင်းလုပ်ဆောင် သွားကြရန်နှင့် ဆုပေး၊ ဒဏ်ပေးစနစ်များအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်သွာကြရန်လိုအပ်ကြောင်း။
ဆရာ၊ ဆရာမများ၊ ဝန်ထမ်းတိုင်းအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုအပ်ချက်များကို သေသေချာချာသိရှိပြီး တစ်ဦးချင်းစီ၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို သိရှိပြီး မိမိ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲသွားကြရန်၊ နိုင်ငံတော်အကျိုးပြုနိုင်မည့် လက်တွေ့ ကျသော သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားကြရန်၊ ပြုပြင်ပြောင်းလဲမှုများ အားလုံးကို လေ့လာသိရှိပြီး ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် မိမိတို့၏ စိတ်ဓာတ်များကိုပါ ပြုပြင်ပြောင်းလဲနိုင်ရေး ကြိုးပမ်းသွာကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တ   င်မှု လုပ်ငန်းစဉ် (၃) တစ်ခုဖြစ်သည့် e-Government ဆိုင်ရာလုပ်ငန်းစဉ်များ၊ ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်မှ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ပါသည်။

IMG_8657v   IMG_8637     IMG_8602     IMG_8670



Bookmark the permalink.

Comments are closed.