နည်းပညာနှင့် သက်မွေးပညာ ဥပဒေ(မူကြမ်း)အား ဆွေးနွေး


Date : 24 August, 2014

IMG_9227

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန၊ တောင်ပိုင်းရုံးခွဲ စုဝေးခန်းမ၌ ကျင်းပသော နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်း ကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁၀/၂၀၁၄)သို့ တက်ရောက်အမှာစကား ပြောကြားရာ၌ နည်းပညာနှင့် သက်မွေးပညာ ဥပဒေ(မူကြမ်း)ကို အသးစိတ်ဆွေးနွေး အကြံပြုကြရန်၊ အမှန်တကယ် လက်တွေ့အကောင် အထည်ဖော်နိုင်သည့် ဥပဒေဖြစ်စေရေးအတွက် ပြင်ဆင်ရန်လိုအပ်သည့် အချက်များကို Scenario များဖြင့် တိကျစွာဆွေးနွေး ပေးကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက နည်းပညာနှင့် သက်မွေးပညာ ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.