နည်းပညာနှင့်သက်မွေးပညာရေး ဥပဒေ(မူကြမ်း)အား လက်တွေ့ကျသော ဥပဒေဖြစ်ပေါ်လာရေးအကြံပြု


Date : 30 August, 2014

IMG_9639

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့အစည်းအဝေး (၁၁/၂၀၁၄)အား သြဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ တောင်ပိုင်းရုံးခွဲ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက မူဝါဒနှင့် ပေါ်လစီများပေါ် အခြေခံ၍ ကြိုတင်ဆွေးနွေးထားပြီး လက်တွေ့ကျကျ ကျင့်သုံးဖော်ဆောင်နိုင်မည့် နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေသည် မကြာမီပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဥပဒေ ပေါ်ပေါက်လာပါက ဤ ဥပဒေပေါ် အခြေခံ၍ နည်းပညာနှင့်သက်မွေးပညာကဏ္ဍအား ကျင့်သုံးလုပ်ဆောင်သွား ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်တို့မှ ဥပဒေ(မူကြမ်း)ပေါ် အကြံပြု တင်ပြချက်များ၊ Working Group နှင့် အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးများမှ အကြံပြုတင်ပြချက်များပေါ် အခြေခံ၍ ပြင်ဆင်ထားရှိသော Labour Market အတွက် အကျိုးရှိသော နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေ(မူကြမ်း)အား ယခုနှစ်အတွင်း လွှတ်တော်တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက Working Group နှင့် အထူးလုပ်ငန်းအဖွဲ့များမှ အပိုဒ်လိုက်၊ အခန်းလိုက် အကြိမ်ကြိမ် ဆွေးနွေးပြီး ပြင်ဆင်ထားရှိပြီးဖြစ်သော နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေ(မူကြမ်း)အား ဆက်လက် ဆွေးနွေးရန် ဝိုင်းဝန်းဆွေးနွေးကြပြီး ပိုမိုကောင်းမွန်သော၊ လက်တွေ့ကျသော ဥပေဒေဖြစ်ပေါ် လာစေရေး ဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်နှင့် စက်မှုနှင့် သက်မွေးပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ နည်းပညာနှင့်သက်မွေးပညာရေး ဥပဒေ(မူကြမ်း)ပါ အချက်အလက် များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.