အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


Date : 18 September, 2014

IMG_2080

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း သို့ရောက်ရှိပြီး ခေတ္တကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော နည်းပညာများကို ရင်ဘောင်တန်းနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများ၏အရည်အသွေး တိုးတက်မြင့်မားရန် သတင်းအချက်အလက်် နည်းပညာရပ်များကို အခြေခံ၍ သင်ကြားမှု၊ သင်ယူမှုစနစ်များကို ဆောင်ရွက်ပေးရန်လိုအပ် ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အရည်အသွေး မြင့်မားစေရန် စေတနာအပြည့်ဖြင့် သင်ကြားပေးရန်လိုအပ်ပါကြောင်း၊ သင်ကြားရေးအထောက် အကူပြု စက်ပစ္စည်းကိရိယာများကိုလည်း ခေတ်မီပြည့်စုံစေရန် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်းကျောင်း သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင်တန်းကျောင်းသည် နေပြည်တော်အတွင်းရှိ ဝန်ထမ်းများနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက်ပါ ရည်ရွယ်ဖွင့်လှစ်ထားပါကြောင်း၊ လက်ရှိသင်ကြား ပေးနိုင်မှုစွမ်းရည်ကို လျော့ကျခြင်းမရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း အရည်အသွေးတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည ဖြစ်ကြောင်း၊ e-Government အထောက်အကူပြုသင်တန်းနှင့် ကွန်ပျူတာဘွဲ့လွန် ဒီပလိုမာသင်တန်း များ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော သင်တန်းခန်းမများကို ကြည့်ရှုစစ်ဆေးပြီး သင်ကြားရေးအတွက်လိုအပ်သည့် စာအုပ်စာတမ်းများနှင့် multimedia သင်ထောက်ကူပစ္စည်း များကို ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.