ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်းနှင့် တီထွင်ဆန်းသစ်မှု နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်


Date : 23 September, 2014

IMG_06

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းခြင်းနှင့် တီထွင်ဆန်းသစ်မှု နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်သို့ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ အခြေခံ အဆောက်အအုံကို ခိုင်မာစွာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ မူဝါဒများကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ အသေးစားနှင့်အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော နည်းပညာများလွှဲပြောင်းရေးကို ပူးပါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများကိုလေ့လာကြ  သည်။
အဆိုပါခရီးစဉ်သို့ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ ၂ ဦး လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

IMG_02                IMG_03                IMG_05



Bookmark the permalink.

Comments are closed.