ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ကြည့်ရှုစစ်ဆေး


Date : 20 October, 2014

IMG_4225

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် အောက်တိုဘာ ၂၀ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိ၍ ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လက်တွေ့ခန်း၌ တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများအား စာကြိုးစားသင်ယူကြရန်၊ အချိန်များများပေးပြီး စာပေလေ့လာသင်ယူကြရန်၊ လက်တွေ့သင်ခန်းစာများကို ကြိုးကြိုးစားစား လုပ်ဆောင်သင်ယူကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သည့် လက်တွေ့ပစ္စည်းများကို စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိရန်၊ လက်တွေ့ခန်းများအား စနစ်တကျဖြစ်အောင် ဆောင်ရွက်ထားရှိရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေမှုရှိစေရေး ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.