သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်း(လှိုင်)သို့ ကြည့်ရှုစစ်ဆေး


Date : 21 October, 2014

IMG_4326

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်း – Center for Information and Communication Technology Trainings: CICTT (လှိုင်) သို့ရောက်ရှိကာ အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အိန္ဒိယ-မြန်မာ သတင်း အချက်အလက်နှင့်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (India-Myanmar Centre for Enhancement of Information Technology Skills – IMCEITS)နှင့် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးနည်းပညာဆုိင်ရာသင်တန်း (Information and Communication Technology Training Institute – ICTTI) များကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော သင်တန်းမှူး၊ သင်တန်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာအခန်းကဏ္ဍ များတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသင်တန်း(လှိုင်)ကျောင်းသည် အရေးကြီကြောင်း၊ သင်တန်းဆရာ၊ ဆရာမများ အနေဖြင့် အရည်အချင်းပြည့်ဝသော သင်တန်းသား၊ သင်တန်းသူများ ပိုမိုထွက်ပေါ်လာရေး ကြိုးစားသင်ကြား ပေးရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်နည်းပညာ လုပ်ငန်းများအတွက် သင်တန်းများကို နိုင်ငံတကာအဆင့်မီ ဖွင့်လှစ်နိုင်ရေး၊ လက်ရှိသင်ကြားနေသော သင်တန်းများအား အဆင့်ပိုမို မြင့်မားစေရေး၊ သင်တန်းများတိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေးနှင့် သင်တန်းသစ်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် အရည်အချင်း ပြည့်ဝသော ပညာရှင်များဖြစ်လာအောင် မွေးထုတ်သင်ကြားပေးရန် လိုအပ်ကြောင်းနှင့် သင်တန်းများပြီးဆုံးပါက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိရေး စီစဉ်ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ အလုပ်ခွင်သို့ ဝင်ရောက်ရန်အသင့်ဖြစ်နေမည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် သင်ကြားပေးရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ ပြင်ပ IT ကုမ္ပဏီ များရှေ့တွင်ပြုလုပ်မည့် Project Presentation များကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာနှင့် Project များကို ကြိုးစားသင်ယူလုပ်ဆောင်ကြရန်၊ IT Industry များ၏ လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားသင်ယူထားကြရန်နှင့် အလုပ်ခွင်ထဲတွင်လည်း မိမိတို့၏ပညာရပ်များ ပိုမိုတိုးတက်လာအောင် အစဉ်ကြိုးစားလေ့လာ နေကြရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.