ပထမအကြိမ် သုတေသနလုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ အစည်းအဝေး


Date : 7 November, 2014

IMG_5865

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ပျူမြို့ဟောင်း (၃) မြို့နှင့်ဆက်စပ်သည့် ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ပထမအကြိမ် သုတေသနလုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည့် ပျူမြို့ဟောင်း (၃) မြို့ဖြစ်သော ဟန်လင်းမြို့၊ ဗိဿနိုးမြို့နှင့် သရေခေတ္တရာ မြို့များနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စံတန်ဘိုး သတ်မှတ်ချက်နှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်မည့် သတင်းအချက်အလက်များကို သတ်မှတ်ထားသော အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဆပ်ကော်မတီဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ သတ်မှတ်ထားသော ယဉ်ကျေးမှုနယ်မြေနှင့် ကာကွယ်ထိန်းသိမ်းထားသော နေရာများရှိ ရှေ့ဟောင်းအဆောက်အအုံများနှင့် ရှေ့ဟောင်းပစ္စည်းများကို ပြန်လည်စာရင်း ကောက်ယူမှတ်တမ်းတင်ရန်နှင့် ကောက်ယူပြီးစာရင်းများကိုလည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း သုတေသနလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မှတ်တမ်းပြုစုရေးအဖွဲ့၊ ယဥ်ကျေးမှုနယ်မြေများ စောင့်ကြည့်ရေးနှင့် ဒေသခံများဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့၊ သုတေသနလုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့၊ သုတေသနစာတမ်းများပြုစုရေးနှင့် သုေတသန ရန်ပုံငွေရှာဖွေရေးအဖွဲ့စသည်ဖြင့် အလုပ်အဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်သွားရန် အဆိုပြု ထားပါကြောင်း။
သတ်မှတ်ထားသော ယဥ်ကျေးမှုနယ်မြေများအပေါ်ထိခိုက်မှုကို ပထဝီဆိုင်ရာ သတင်း အချက်အလက်စနစ် တစ်ခုထားရှိပြီး စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားရန်၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပျူရှေးဟောင်းမြို့များ၏ အဆိုပြုသတ်မှတ်ဧရိယာ၊ ကြားခံနယ်မြေ အတွင်းရှိ ကျေးရွာများနှင့် ယင်းတို့နှင့် ပတ်သက်သောအသေးစိတ် အကြောင်းအရာနှင့် အချက်အလက်များကိုပြုစုရန်နှင့် ယနေ့တိုင် အသုံးပြုနေသော အထောက်အထားများ၊ ထိန်းသိမ်းရန် လိုအပ်ချက်နှင့် ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လုပ်ငန်းနှင့်သက်ဆိုင်ရာသော ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနများမှ မိမိတို့ ဆောင်ရွက်နေသော လက်ရှိအခြေအနေများနှင့် ရေရှည်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို တစ်ဦးချင်းစီအလိုက် အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။IMG_5865



Bookmark the permalink.

Comments are closed.