ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ကြည့်ရှုစစ်ဆေး


Date : 9 November, 2014

IMG_6283

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ် (တာဝန်)၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ ပေါ်ပေါက်လာစေရန် နိုင်ငံတကာအဆင့်ရှိ ပညာရပ်များကို Curriculum အရ တိတိကျကျ စာတွေ့၊ လက်တွေ့ ထိထိမိမိသင်ကြားပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများအား မိမိနိုင်ငံ အတွင်း၌ပင် နိုင်ငံတကာအဆင့်မီ ပညာသင်ယူခွင့် ရရှိနိုင်အောင် တက္ကသိုလ်များအား နိုင်ငံတကာအဆင့်မီ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆရာ၊ ဆရာမများ ဝန်ထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု စိတ်ဓာတ်ဖြင့် အဆင့်ဆင့်ကြီးကြပ်ပြီး တာဝန်ကိုတိတိကျကျ လုပ်ကိုင်ကြရန်၊ လက်တွေ့ခန်းနှင့် အလုပ်ရုံများကို စနစ်တကျ၊ ပုံစံကျကျ စီစဉ်ဆောင်ရွက်ထားကြရန်၊ သင်ကြားမှု၊ သင်ယူမှုများတွင် ကွန်ပျူတာများကို ထိထိရောက်ရောက် အသုံးချကြရန်၊ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် သင်ကြားပေးကြရန်၊ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ခေတ်စနစ်၏တိုးတက် ပြောင်းလဲနေသော အခြေအနေများအလိုက် စဉ်ဆက်မပြတ်လေ့လာပြီး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

IMG_6283



Bookmark the permalink.

Comments are closed.