စက်မှုလက်မှုအထက်တန်းကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် လက်မှုလုပ်ငန်းပညာသင်ကျောင်းတို့အား ကြည့်ရှုစစ်ဆေးခြင်း


Date : 17 November, 2014

IMG_6433

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လက်တွေ့ခန်းနှင့် အလုပ်ရုံများကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြရန်၊ လက်ရှိသင်ကြားလျက်ရှိသည့် ဘာသာရပ်သင်တန်းများတွင် တက်ရောက် လျက်ရှိသည့် သင်တန်းသားများ ပိုမိုအရည်အချင်းပြည့်ဝစေရေး ဆောင်ရွက်ကြရန်နှင့် ဘာသာရပ်များ တိုးချဲ့သင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ကြရန်၊ ပြင်ပကုမ္ပဏီများဖြင့် ချိတ်ဆက် ထားရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်အောင် လိုအပ်သည့်ကျွမ်းကျင်မှု ရရှိအောင် ဆောင်ရွက်ပေးကြရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ခေတ်စနစ်၏ တိုးတက်ပြောင်းလဲ နေသော အခြေအနေများအလိုက် စဉ်ဆက်မပြတ်လေ့လာပြီး ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတာဝန်များကို စေတနာအပြည့်အဝဖြင့် ကျေပွန်စွာထမ်းဆောင် သွားကြရန် လမ်းညွှန်မှာကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ ဝေဘာဂီလက်မှုပညာသင်ကျောင်း၊ လက်မှုလုပ်ငန်း ပညာသင်ကျောင်း(လှိုင်သာယာ)၊ စက်မှုလက်မှုအထက်တန်းကျောင်း(အောင်ဆန်း)နှင့် လက်မှု လုပ်ငန်းပညာသင်ကျောင်း(အောင်ဆန်း)တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။IMG_6433



Bookmark the permalink.

Comments are closed.