အာဆီယံဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာ ဗဟိုဌာနနှင့် အာဆီယံ အစိမ်းရောင် စီးပွားရေးဌာနအား နော်ဝေနိုင်ငံ ဘုရင်နှင့် မိဖုရားတို့ တက်ရောက်ဖွင့်လှစ်


Date : 2 December, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက်ဟာရယ်ဘုရင်မင်းမြတ်နှင့် မိဖုရား ဆွန်ယာ တို့သည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနဝင်းအတွင်း တည်ထာင်ထားသည့် အာဆီယံဒေသတွင်း နိုင်ငံများပူးပေါင်းဆောင်ရွက်မည့် အစိမ်းရောင် စီးပွားရေး၊ အစိမ်ရောင်ဖွံ့ဖြိုးမှုဆိုင်ရာ ဗဟိုဌာနနှင့် အာဆီယံ အစိမ်းရောင် စီးပွားရေးဌာနအား ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် အောင်မြင်စွာထမ်းဆောင်ခြင်း အထိမ်းအမှတ်အဖြစ် အဆိုပါဌာန ဖွင့်လှစ်နိုင်ခြင်းသည် အာဆီယံဒေသတွင်းသဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသည့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
အစိမ်းရောင် စီးပွားရေး၊ အစိမ်ရောင်ဖွံ့ဖြိုးမှုဆိုင်ရာ ဗဟိုဌာနနှင့် အာဆီယံ အစိမ်းရောင် စီးပွားရေးဌာနဖွင့်ပွဲ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အမှာစကားပြောကြားရာတွင်
နိုင်ငံတော်သမ္မကြီးက အစိမ်းရောင်စီးပွားရေး စတင်အကောင်အထည် ပေါ်လာ စေရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်းပညာအရင်းအမြစ်များနှင့် စီးမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ကြောင်း ပြောကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် GEGG တို့ ပူးပေါင်း၍ တည်ထောင်ဖွင့်လှစ်နိုင်မှုအပေါ် ဂုဏ်ယူမိပါကြောင်း။
ယင်းသို့ ဖွင့်လှစ်နိုင်ခြင်းအတွက် အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရာသီဥတုပြောင်းလဲမှုများတွင် အစိမ်းရောင်နည်းပညာစီမံခန့်ခွဲမှု လေ့ကျင့်ပညာပေး သင်ကြား ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ၊ သုတေသနလုပ်ငန်းများတွင် အာဆိယံနိုင်ငံ များ၊ အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြန်ပြည့်ဖြိုးစွမ်းအင်အတွက် မိမိတို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားသည်။
ယင်းနောက် နော်ဝေ စက်မှုလုပ်ငန်းဝန်ကြီး မစ္စမော်နီကာမေလန်(Ms. Monica Maeland) က နော်ဝေနိုင်ငံသည် ၂၀၁၁ ကတည်းက GECC အဖွဲ့အစည်းနှင့် စိမ်းလန်းစိုပြေ ရေး၊ ပြည်လည်ဖြည့်စွက်အသုံးပြုနိုင်သည့် စွမ်းအင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နော်ဝေနိုင်ငံအား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် အဓိကတွန်းပို့ခဲ့သည်မှာ ရေအားလျှပ်စစ်ဖြစ်ပြီး နော်ဝေနိုင်ငံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် ရေးအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုသည် ရာနှုန်း ပြည့်နီးပါးရှိကြောင်း၊
ရေအားစွမ်းအင်အရင်းအမြစ်အား နိုင်ငံ၏လူ့အဖွဲ့အစည်းတစ်ခုလုံးက ပိုင်ဆိုင် ထားပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ပြန်လည်အကျိုးပြုသင့်သည်ဟု နော်ဝေအစိုးရက ယုံကြည်ထားကြောင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု လေ့လာသင်ကြားရေးဗဟိုဌာနအား အာဆီယံ အစိမ်းရောင် စီးပွားရေးဌာန၏ အဆောက်အဦတစ်ခုအတွင်း၌ ရုံးခန်းအဖြစ် တည်ရှိစေပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ကို သိရှိရ၍ များစွာဂုဏ်ယူမိကြောင်း၊ ယခုလိုအားပေးပါသည့် ကဏ္ဍဖော်ဆောင်မှုသည် အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နော် နော်ဝေဟာရယ်ဘုရင်နှင့် မိဖုရားတို့သည် မော်ကွန်းကဗ္ဗည်းကျောက်စာ နှစ်ချပ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ နော်ဝေဘုရင်နှင့် မိဖုရားတို့သည် ဆိုလာပြားများတပ်ဆင်ထားသော ကားပါကင်၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပြသထားသော သုတေသနလုပ်ငန်းများနှင့် နော်ဝေနိုင်ငံ ကုမ္ပဏီများမှပြသထားသော ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပြခန်းများကိုလှည့်လည် ကြည့်ရှုသည်။
ယနေ့ပြုလုပ်သော အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးမှုဆိုင်ရာ ဗဟိုဌာနနှင့် အာဆီယံအစိမ်းရောင် စီးပွားရေးဌာနဖွင့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ GECC (Green Economy and Green Growth) တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။



Bookmark the permalink.

Comments are closed.