JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Kyosuke INADA ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ


Date : 23 February, 2015

IMG_9276

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ မွန်းလွဲ ၁ နာရီတွင် JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Kyosuke INADA နှင့် အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်မည့် “Project for Development of a Comprehensive Disaster Resilience System and Collaboration Platform” နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency-JICA)မှ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် စေလွှတ်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း၌ အဓိကအားဖြင့် ငလျင်၊ မြစ်ရေကြီးခြင်းနှင့် ဒီရေတို့ကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးရေးဆိုင်ရာလုပ်ငန်းများအား ပဲခူးမြစ်ဝှမ်းဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် သုတေသနပြုလုပ်မည်ဖြစ်ပါသည်။ ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ်တို့မှ စီမံကိန်းအသေးစိတ် အချက်အလက် များအား အခြေခံမူဘောင် (Project Design Matrix-PDM) အဖြစ် ညှိနှိုင်းရေးဆွဲထားရှိပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၅) သန်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံအစိုးရ၏ Science and Technology Research Partnership for Sustainable Development (SATREPS) မှ Japan Science and Technology Agency (JST)-Japan International Cooperation Agency (JICA) Program အစီအစဥ်၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ JICA Myanmar Office မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9276



Bookmark the permalink.

Comments are closed.