နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး(၂/၂၀၁၅)


Date : 24 February, 2015

IMG_9630

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၏ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည် ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး(၂/၂၀၁၅)သို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် Task Force အစည်းအဝေးကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရပ်ကို အရည်အသွေးအာမခံချက်ရှိပြီး နိုင်ငံတကာစံချိန်စံညွှန်း၊ အမျိုးသားအရည်အသွေးမူဘောင်နှင့် အမျိုးသားအဆင့်ကျွမ်းကျင်မှု ဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်ပေါ် မူတည်ပြီး နည်းပညာကျွမ်းကျင်မှုနှင့် သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြှင့်တင်ရေးတို့ အတွက် ရေရှည်လုပ်ငန်းအဖြစ် ထည့်သွင်းစဥ်းစား၍ မူဝါဒများချမှတ်ကြရန်နှင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရပ်ကို ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Education Sector Review-CESR) မှ အဆိုပြုထားသော National Education Sector Plan (NESP) ကို အကောင်းဆုံးဖြစ်လာစေရေးအတွက် တက်ရောက်လာကြသူများအနေဖြင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ နည်းပညာနှင့်အသက်မွေးပညာရေးဥပဒေ(မူကြမ်း) (5th Draft) နှင့်စပ်လျဥ်း၍ ဆွေးနွေး တင်ပြခြင်း၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ CESR မှ အဆိုပြု ထားသော National Education Sector Plan (NESP) TVET Chapter Technical Review Committee ဖွဲ့စည်းနိုင်ရေးနှင့် စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး Task Force အဖွဲ့ဝင်များဖြစ်သော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများမှလည်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9630



Bookmark the permalink.

Comments are closed.