Program of Myanmar National Spatial Data Infrastructure (NSDI) Promotion Seminar ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 27 February, 2015

IMG_9929

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော Program of Myanmar NSDI Promotion Seminar ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတိုင်း၌ အာကာသနည်းပညာများကို အသုံးပြုပြီး မြေပြင်အချက်အလက်များ (Geospatial Information) ရယူကာ အမျိုးသား ပထဝီဝင်အချက်အလက် (National Spatial Data Infrastructure – NSDI) များအား အာကာသနည်းပညာများ အသုံးပြုစုစည်းရယူသုံးစွဲမည့် အချက်အလက်ဗဟိုဌာနတည်ထောင် အသုံးပြုနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ NSDI သည် အဆင့်မြင့် ICT နည်းပညာများကို အသုံးပြုသော အချက်အလက်စီမံခန့်ခွဲရေးစနစ် တစ်မျိုးဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအနေဖြင့် အဆိုပါ NSDI ဗဟိုဌာန တည်ထောင်နိုင်ရေးအတွက် အကြိုစနစ် (Pilot System) တစ်ခု တည်ဆောက်နိုင်ရေးစီမံကိန်းကို နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ခွင့်ပြု ချက်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ အဆိုပါစီမံကိန်းအကောင်အထည် ဖော်နိုင်ရေးအတွက် NSDI ဆိုင်ရာဥပဒေများ မူကြမ်းပြုစုရေးနှင့် NSDI စနစ် ကြီးကြပ်ကွပ်ကဲရေး ကော်မတီ မကြာမီဖွဲ့စည်းနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လိုအပ်သည့် လုပ်ငန်း အဆင့်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင်‌့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
NSDI စနစ် တည်ဆောက်အသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကူညီမှုရယူြပီး ဝန်ကြီးဌာနများအကြား ဘူမိအခြေပြုသတင်းအချက်အလက်များ (Geospatial Information)၊ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံများ အသုံးချလေ့လာသည့်နည်းပညာများ၊ အဝေးမှ အာရုံခံစူးစမ်း လေ့လာသည့်နည်းပညာများ (Remote Sensing)၊ ပထဝီဝင်သတင်းအချက်အလက်များ လေ့လာခြင်းစနစ် (Geographic Information System – GIS) များအသုံးပြု၍ မြေပြင် အချက်အလက်များ ဖလှယ်အသုံးပြုခြင်းအပြင် စီမံကိန်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နိုင်ရေးအတွက် NSDI စနစ် တည်ထောင်အသုံးပြုနိုင်ရန် အကောင်းဆုံးကြိုးစား သွားမည် ဖြစ်ပါကြောင်း၊ NSDI စနစ်တည်ဆောက် အသုံးပြုနိုင်ြခင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ထုတ်ဖော်ြခင်း၊ စက်မှုလုပ်ငန်းတည်ထောင်ခြင်း၊ မြို့ပြစီမံကိန်းများအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများကို ထိရောက်သော ပေါင်းစပ်ညှိနှိုင်းမှုများနှင့် အချိန်ကိုက်ဆောင်ရွက်နိုင်မှုများ အတွက် များစွာအသုံးဝင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် လျှပ်စစ်ဆက်သွယ်ရေးဌာနခွဲ၊ စီးပွားရေးနှင့် သတင်းအချက်အလက် မူဝါဒဗျူရို၊ Assistant Director Mr. Yutaka Endow မှ ဂျပန်နိုင်ငံ၏ NSDI ဆိုင်ရာ မူဝါဒများနှင့် လက်ရှိ NSDI စနစ် အသုံးပြုမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ကိုက်ညီမည့် NSDI အဆိုပြုပုံစံများကိုလည်းကောင်း၊ ယင်း NSDI စနစ်ဖြစ်ပေါ် လာစေရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအားလည်းကောင်း ဆွေးနွေး‌ြေပာကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဂျပန်နိုင်ငံ၊ Centre of International Cooperation for Computerization – CICC နှင့် မြန်မာကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးမှုဖြင့် Program of Myanmar NSDI Promotion Seminar ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် NSDI ဆိုင်ရာ အဖွဲ့အစည်း၊ မြန်မာကွန်ပျူတာအသင်းချုပ်၊ CICC အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်၍ ြမန်မာ NSDI စနစ်နှင့်ပတ်သက်သော အချက်အလက်များဖလှယ်ခြင်း၊ အခြေခံ မူဝါဒများချမှတ်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9929



Bookmark the permalink.

Comments are closed.