အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အခွင့်အရေးများအကြောင်း အကြံပေးခြင်းနှင့် သင်တန်းဖွင့်ပွဲ


Date : 9 March, 2015

DSC_0035

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ မတ်လ (၉) ရက်နေ့ နံနက် ၉ နာရီတွင် Royal ACE ဟိုတယ်တွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO) တို့ ပူးပေါင်းကျင်းပသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများအကြောင်း အကြံပေး ခြင်းနှင့် သင်တန်း (Training and Advisor Program on Intellectual Property Rights in the Global Economy for the last Developed Countries) ဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်ရာတွင် အဓိကကျသော အကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ စျေးကွက်စီးပွားရေးပြိုင်ဆိုင်မှုတွင်လည်း စက်မှုကဏ္ဍရေရှည်တည်တံ့နိုင်ရန်အတွက် တွန်းအားတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တည်ထောင်ရန်အတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်သည် စျေးကွက်စီးပွားရေး ပြိုင်ဆိုင်မှုခေတ်တွင် ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသည့်အတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များနှင့်အညီ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေသစ်များပေါ်ထွက်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၌ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်၍ အသိပညာဗဟုသုတလိုအပ်ချက်ရှိနေသည့်အတွက် အဆိုပါနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စိန်ခေါ်မှုတစ်ခုအဖြစ်ရင်ဆိုင်နေရပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာများကို နားလည်သဘော ပေါက်စေရန်အတွက် ကဏ္ဍပေါင်းစုံမှ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်သော သတင်းအချက် အလက်များကို သတင်းဖြန့်ချီနိုင်မည့် အစီအစဉ်များ၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် အသိပညာပေးဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကြီးမှူးကျင်းပ ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်ကို သိရှိ နားလည်စေမည့် အခွင့်အရေးဖြစ်သည့်အပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်၏ လိုအပ်ချက်ကို တက်ရောက်လာကြသော နိုင်ငံအချင်းချင်း အပြန်အလှန် လေ့လာနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် WIPO အဖွဲ့၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာဌာန၊ ဒါရိုက်တာ ဖြစ်သူ Mr. Kifle SHENKORU မှ နိုင်ငံများ၏ စီးပွားရေးတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများ အကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၊ တရားရေးရာ၀န်ကြီးဌာန၊ အစိုးရအထူးအကြံပေးပုဂ္ဂိုလဖြစ်သူ Prof. Henry Olsson မှ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အတွေ့အကြုံ များနှင့် စပ်လျဉ်း၍လည်းကောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိုဇမ်ဘစ်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မော်လဝီနိုင်ငံ၊ နီပေါနိုင်ငံ၊ တန်ဇန်နီးယားနိုင်ငံ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆူဒန်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၆) ဦး တက်ရောက်ကြ၍ သင်တန်းကို မတ်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် သင်တန်းတက်ရောက်သူများမှ သင်တန်းဆိုင်ရာ စီမံချက်နှင့် စပ်လျဥ်း၍ ၎င်းတို့လုပ်ဆောင်ခဲ့သော စီမံချက်၏အောင်ြမင်မှုရလဒ်များ၊ ကြုံတွေ့ရသည့် အခက်အခဲ နှင့် ြပဿနာများ၊ လုပ်ငန်းဖော်ဆောင်ရေးအတွက် စီမံကိန်း၊ နည်းဗျူဟာများနှင့်စပ်လျဉ်း၍ အစီရင်ခံ တင်ပြခြင်း၊ WIPO အဖွဲ့၊ ဆွီဒင်နိုင်ငံ တီထွင်မှုမူပိုင်ခွင့်နှင့်မှတ်ပုံတင်ရုံးနှင့် ဆွီဒင်နိုင်ငံ အပြည်ပြည် ဆိုင်ရာဖွံဖြိုးတိုးတက်မှုအေဂျင်စီတို့မှ တာဝန်ရှိသူများက ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာစနစ် ဖွဲ့စည်းတည်ထောင်ခြင်း၊ WIPO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် လုပ်ငန်းစဉ်အသစ်များဆွေးနွေးခြင်း၊ အနာဂတ်တွင် အရည်အသွေး တိုးတက် မြင့်မားရေးဆိုင်ရာ စီမံကိန်းများနှင့် အဆိုပါသင်တန်းအပေါ် သုံးသပ်ချက်များအား ဆွေးနွေခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ပကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.