ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး


Date : 24 March, 2015

Japan

သိပနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ဦးဆောင‌်ေသာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ခုနှစ်၊ မတ်လ (၁၉) ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သွားရောက်၍ မြန်မာနိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင််ရေးတို့အတွက် ဂျပန်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Sadayuki Sakakibra ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံ အကူအညီဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ စက်မှုအထက်တန်းကျောင်း (အောင်ဆန်း) တွင် ဂျပန်-မြန်မာ သက်မွေးပညာသင်ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်ဥပဒေများ ရေးဆွဲဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံစံချိန်စံညွှန်းသတ်မှတ်ရေး ဆိုင်ရာဥပဒေ၊ သိပ္ပံ၊ နည်းပညာတီထွင်ဆန်းသစ်ဖန်တီးမှုဥပဒေ ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ယင်းနောက် Japan Business Federation မှ ဥက္ကဌမှ ဂျပန်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ မြန်မာနိုင်ငံတွင် စီးပွားရေးအလားအလာကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် သီလဝါစက်မှုဇုန် ပိုမိုတိုးတက် လာစေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးလာမည်ဖြစ်ရာ၊ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်လာမည့် ကျွမ်းကျင် ပညာရှင်များ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင်‌့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသည့် ဂျပန်နိုင်မှ စီးပွားရေးလုပ်ငန်းရှင်များမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေးနှင့် သိပ္ပံနှင့်နည်းပညာသုတေသနလုပ်ငန်းများနှင်‌့ နည်းပညာနှင်‌့သက်မွေးပညာကဏ္ဍများအတွက် လိုအပ်သောလက်တွေ့ လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခြင်း၊ ပံ့ပိုးကူညီခြင်းများပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင်‌့ စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂျပန်နိုင်ငံကျန်းမာရေး၊ အလုပ်သမား နှင်‌့လူမှုဖူလုံရေးဝန်ကြီးဌာနလက်အောက်ရှိ အထက်တန်းအောင်မြင်သူများအတွက် နည်းပညာ ဆိုင်ရာ (၂) နှစ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့် Polytechnic College Chiba နှင်‌့ သင်တန်းသားများ အလုပ်အကိုင်ရရှိရေးနှင့် အလုပ်သမားအရည်အသွေးမြှင့်တင်ရေးအတွက် ကာလတိုသင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိသော Polytechnic Center Chiba များသို့ သွားရောက်၍ သင်တန်းပို့ချနေမှုများ၊ သင်တန်းဆိုင်ရာသင်ထောက်ကူနှင့် လက်တွေ့လုပ်ငန်းသုံး ပစ္စည်းများဖြည့်ဆည်းထားရှိမှုများ၊ တက်ရောက်လျက်ရှိသည့် သင်တန်းသားများအတွက် အလုပ်အကိုင်ရရှိရေး၊ အရည်အသွေးပြည့်ဝရေးတို့အတွက် ဆောင်ရွက်နေမှုများအား လေ့လာ ခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံလူစွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်ရေးအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းအပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.