နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၃/၂၀၁၅)


Date : 24 April, 2015

IMG_9480

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၏ နည်းပညာနှင့်အသက် မွေးဝမ်းကျောင်း ပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၃/၂၀၁၅) ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ Task Force ဥက္ကဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် Vocational Training ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသလိုအပ်ချက်များအလိုက် ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရေရှည်တိုးတက်ဖွံ့ဖြိုးစေရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည့် Vocational Training Center များကို ဒေသလိုအပ်ချက်များပေါ် မူတည်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့် သက်ဆိုင်သော Polytechnic Institute နှင့် Polytechnic School များ ဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ၌ Public-Private Partnership Model ဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေး (Financing) အစီအစဉ်များ သီးခြားထည့်သွင်းပြဋ္ဌာန်းနိုင်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ ပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် Polytechnic Institute နှင့် Polytechnic School များ ဖွင့်လှစ် နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရေးကိစ္စများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ သမ္မတရုံးဝန်ကြီးဌာန(၅)၊ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင်၊ Task Force အဖွဲ့ဝင်များဖြစ်သော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများမှလည်း အသေးစိတ်ရှင်းလင်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိ ပါသည်။



Bookmark the permalink.

Comments are closed.