ကျိုင်းတုံမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 27 May, 2015

DSC_036

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ နိုင်ငံတော်တွင် လက်တွေ့ ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှု‌များကို ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Quality Drive ကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းပြည့်ဝမှု ရှိစေရန်၊ လေ့ကျင့်သင်ကြားပေးရန် လိုအပ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစား လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များကို Autonomous University များဖြစ်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှု ရှိစေရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍ အသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း။

            သင်ကြားမှု၊ သင်ယူမှုများတွင် သတင်းအချက်အလက်နည်းပညာနှင့် Internet ကို ထိရောက်စွာ အသုံးချပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ သုတေသနဌာနများမှ တွေ့ရှိချက်များကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ IT နည်းပညာကို အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မေလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ နည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) ဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) စာသင်ခန်းများ၊ လက်တွေ့ခန်းများ နှင့် အလုပ်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.