နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ


Date : 27 May, 2015

DSC_046

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတို သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ မေလ (၂၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် သက်မွေး သင်တန်းများကို Demand Driven Approach ဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ အတတ်ပညာများကို တတ်ကျွမ်းအောင်သင်ယူပြီး မိမိနှင့်ဒေသဖွံ့ဖြိုးရေး အတွက် အကျိုးရှိစေရန် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ပုံမှန်လေ့ကျင့် သင်ကြားပေးနေသော စာသင်နှစ်အလိုက်ဖွင့်လှစ်သည့် သင်တန်းများအပြင် ကျွမ်းကျင် သောလုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဒေသအလိုက် တည်ရှိသော စက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းအစရှိသည့် လိုအပ်ချက်များအပေါ်မူတည်ပြီး သင်တန်းများကို ညှိနှိုင်းဖွင့်လှစ် သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိ ဖွင့်လှစ်လျက်ရှိသော အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် Polytechnic Center များဖွင့်လှစ်ပြီး Short Term Courses များကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် အကျိုးရှိပြီး ဒေသအလိုက် ဖွံ့ဖြိုးမှုများနှင့် ကိုက်ညီမှုရှိသည့် ကာလတို၊ ကာလရှည် သင်တန်းများကို Polytechnic Center များတွင် သင်တန်းများ တက်ရောက်ခြင်းဖြင့် အတတ်ပညာတစ်ခုခု တတ်ကျွမ်းလာပြီး ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်နယ် အတွင်း အမှန်တကယ်လိုအပ်သည့် လိုအပ်ချက်များကိုသိရှိမှသာ လိုအပ်နေသော သင်တန်း များကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းလိုအပ်ချက်များကို ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် မြို့မိမြို့ဖများက နည်းပညာနှင့် အသက် မွေးဝမ်းကျောင်းပညာဆိုင်ရာသင်တန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေး ချက်များအား ပြန်လည်ရှင်းလင်းတင်ပြပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲ ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

DSC_048



Bookmark the permalink.

Comments are closed.