Polytechnic Center ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား


Date : 2 June, 2015

p2

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍသည် နိုင်ငံတော်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင်ရန် Polytechnic Center ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ဇွန်လ ၂ ရက်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ တနင်္သာရီတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် မိမိတို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ရန် စိုက်ပျိုးရေးကို အခြေခံရသော်လည်း စက်မှုလက်မှုနိုင်ငံ တည်ထောင်ရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ထူထောင်နိုင်ရန် အခြေခံအဆင့်အထိ နည်းပညာများ တတ်မြောက်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ အစိုးရနည်းပညာအထက်တန်းကျောင်း(ရှမ်းရွာကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုက်လတ်)တို့တွင် Polytechnic Center များ ဖွင့်လှစ်၍ လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်းအပြင် မော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းရေးသင်တန်းနှင့် နေစွမ်းအင်အသုံးချနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါကြောင်း။
ဒေသတွင်း လိုအပ်ချက်များနှင့်အညီ လက်တွေ့နယ်ပယ်တွင် အသုံးချလုပ်ကိုင်နိုင်အောင် Skill Level-1 နှင့် Skill Level-2 အဆင့် ရရှိရေးအတွက် အသက်ကန့်သတ်ချက်မရှိဘဲ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ (G.T.I)များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) များတွင် Polytechnic Center များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်သော လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအလိုက်တည်ရှိသော စက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ အစရှိသည့် လိုအပ်ချက်များအပေါ်မူတည်ပြီး သင်တန်းများကို ညှိနှိုင်းဖွင့်လှစ် သင်ကြား ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Skill level-3 အဆင့်အား Polytechnic School များတွင်လည်းကောင်း၊ Skill level-4 အဆင့်အား Polytechnic Institute များတွင်လည်းကောင်း သင်ကြားနိုင်ရေးအတွက် ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။
ဒေသအတွင်း အမှန်တကယ် လိုအပ်ချက်များကို သိရှိမှသာ လိုအပ်နေသည့် သင်တန်း များကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပါသဖြင့် ဒေသတွင်းလိုအပ်ချက်များကို တိုင်းဒေသကြီးရှိ အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် မြို့မိမြို့ဖ များက Polytechnic Center များတွင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီမည့် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက် များအား ပြန်လည်ရှင်းလင်းတင်ပြပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။

p8



Bookmark the permalink.

Comments are closed.