မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်(မိတ္ထီလာ)၊ ဇီ၀နည်းပညာသုတေသနဌာန(ကျောက်ဆည်)နှင့် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် သို့ ကြည့်ရှုစစ်ဆေး


Date : 23 August, 2015

DSC_0109

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် မိတ္ထီလာမြို့ရှိ ြမန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ပင်မ ကျောင်းဆောင် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ရှိသူများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု၀န်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် မောင်းသူမဲ့လေယာဉ်သုတေသနဌာနသို့ သွားရောက်ခဲ့ြပီး မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ သုတေသနပြုလုပ်တည်ဆောက်ထားသော မောင်းသူမဲ့ လေယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ြပီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ကျောက်ဆည်မြို့ရှိ ဇီ၀နည်းပညာသုတေသန ဌာနသို့ သွားရောကပြီး သုတေသနလုပ်ဆောင်နေသော သုတေသီများနှင့်တွေ့ဆုံကာ သုတေသီ များမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ လုပ်ဆောင် နေမှုများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စု၀န်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology-MIIT) ၏ ပင်မ (၆) ထပ်ကျောင်းဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်ပြီးပင်မ (၆) ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား တိုက်တွန်းမှာကြားခဲ့ပါသည်။

               အဆိုပါ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology-MIIT) သည် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ တည်ဆောက် လျက်ရှိပြီး သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပညာရေးနှင့် သုတေသနလုပ်ငန်းများကို ကျယ်ကျယ်ြပန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၃) လမ်း၊ ငုရွှေ၀ါလမ်းနှင့် ခိုင်ရွှေ၀ါလမ်းကြားတွင် တည်ဆောက်လျက် ရှိကြောင်းနှင့် လာမည့်ပညာသင်နှစ်မှ စတင်၍ ကျောင်းသားများ စတင်လက်ခံ သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅) နှစ် ကြာမြင့်မည်ဖြစ်ကာ ပထမ (၅) နှစ်ကာလအတွင်း အိန္ဒိယနိုင်ငံမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျွမ်းကျင်သူများ လာရောက်သင်ကြားပို့ချခြင်း၊ လိုအပ်သော စက်ပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်နှစ်လျှင် ဘွဲ့ကြိုသင်တန်း သင်တန်းသား (၁၂၀) နှင့် ဘွဲ့လွန်သင်တန်းများအား လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                   DSC_0038



Bookmark the permalink.

Comments are closed.