ကုန်အမှတ်တံဆိပ်အား အသေးစိတ်စစ်ဆေးခြင်းအတွက် အာဆီယံအသိုက်အဝန်းတစ်ခုလုံးနှင့် သက်ဆိုင်သော လမ်းညွှန်ချက်များဆိုင်ရာ သင်တန်းနည်းပြဆရာများသင်တန်း


Date : 24 February, 2016

????????????????????????????????????

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် EU-ASEAN Project on the Protection of Intellectual Property Rights (ECAP III) တို့ပူးပေါင်းကျင်းပသော ကုန်အမှတ်တံဆိပ်အား အသေးစိတ်စစ်ဆေးခြင်းအတွက် အာဆီယံအသိုက်အဝန်းတစ်ခုလုံးနှင့် သက်ဆိုင်သော လမ်းညွှန်ချက်များဆိုင်ရာ သင်တန်းနည်းပြဆရာများသင်တန်း (Training of Trainers on the ASEAN Common Guidelines on Substantive Trademark Examination) ဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kampinski ဟိုတယ်၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကဏ္ဍများကို အခြားသောအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကဏ္ဍသည် ကုန်သွယ်မှုနယ်ပယ်နှင့်

စက်မှုစီးပွားနယ်ပယ်တို့တွင် သာမက အခြားသောကဏ္ဍအသီးသီးတွင်လည်း အရေးပါလာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကဏ္ဍ တည်ထောင်နိုင်ရေးကို အားစိုက်လုပ်ဆောင်နေပါကြောင်း။

               မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းစနစ်သစ် တည်ထောင် နိုင်ရေးအတွက် ကုန်အမှတ်တံဆိပ် ဥပဒေပေါ်ထွန်းလာရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းဆိုင်ရာ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာရေးအတွက်လည်း ပြည်တွင်း၊ ပြည်ပသင်တန်းများစေလွှတ်၍ လေ့လာသင်ကြားပေးလျက် ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် သင်တန်းသည် အာဆီယံနိုင်ငံများအကြား ကုန်အမှတ်တံဆိပ် ဆိုင်ရာ တူညီသောမှတ်ပုံတင်စနစ် ပေါ်ထွန်းလာရေးအတွက်ဖြစ်ပြီး အာဆီယံကုန်အမှတ်တံဆိပ် စစ်ဆေးရေး ကျွမ်းကျင်ပညာရှင်များအား အရည်အချင်းတိုးမြှင့်ပေးသည့် သင်တန်းဖြစ်သည့် အပြင် အာဆီယံကုန်အမှတ်တံဆိပ် စစ်ဆေးသူများအကြား ဆက်သွယ်ရေးကွန်ယက်တစ်ခု အဖြစ်လည်း တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ECAP III Phase II မှ Project Leader ဖြစ်သူ Mr. Ignacio de Medrano Caballero မှ သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးနှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သင်တန်းသား၊ သင်တန်သူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.