ဇီဝလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေး ပထမအကြိမ်အစည်းအဝေး


Date : 11 February, 2016

????????????????????????????????????

ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Biological Weapons Convention – BWC) အမျိုးသားအဆင့် အကောင်အထည် ဖော်ရေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် (၁၀) နာရီတွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အစည်းအ‌ေ၀းခန်းမ၌ ကျင်းပရာ ဇီဝလက်နက်တားဆီးပိတ်ပင်ရေး အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

          ဒုတိယ၀န်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဇီဝလက်နက်တားဆီး ပိတ်ပင်ရေးစာချုပ် (Biological Weapons Convention-BWC)၏ (၁၇၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အတည်ပြုပါဝင်ခဲ့ပြီး ဖြစ်ကြောင်း၊ BWC စာချုပ်သည် United Nation Security Council Resolution(UNSCR), UN 1540 နှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံတိုင်းတွင် အလွန်အရေးကြီးပါကြောင်း။

          မြန်မာနိုင်ငံ၏ ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် အမျိုးသားအဆင့် အကောင် အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ (BWC National Authority)ကို ၂၀၁၅ ခုနှစ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Focal Ministry အနေဖြင့် တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်းမှ လုပ်ငန်း တာဝန် (၁၂) ရပ်ကို ချမှတ်ထားပြီး လုပ်ငန်းတာဝန်အမှတ်စဥ် (၁၂) တွင် ဖော်ပြထားသည့် အချက်ဖြစ်သော “လိုအပ်သောသတင်းအချက်အလက်များစုဆောင်းခြင်းနှင့် Confidence Building Measure(CBMs)” နှင့် စပ်လျဥ်း၍ ဖြည့်စွက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CBMs သတင်းအချက်အလက်များနှင့် စပ်လျဥ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝိုင်းဝန်းဖြည့်စွက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သို့မှသာကောင်းမွန်သော CBMs report တစ်ခုကို ရရှိလာမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဥ်း၍ လိုအပ်သည်များကို ဝိုင်း၀န်း အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက BWC စာချုပ်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက် လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက CBMs သတင်းအချက်အလက်များ နှင့် စပ်လျဥ်း၍ ကောင်းမွန်သော သတင်းအချက်အလက်များကိုရရှိစေရေးအတွက် လုပ်ငန်း တာဝန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။



Bookmark the permalink.

Comments are closed.