နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတာက္ကသိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 29 April, 2016

????????????????????????????????????

????????????????????????????????????

နေပြည်တော်၊ ‌ဧပြီ ၂၉

            နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နေပြည်တော်ရှိ ရုံးအမှတ်(၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုဝေးခန်းမ တွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပညာရေး၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

            ပြည်ထောင်စု၀န်ကြီးက ပြောကြားရာတွင် တက္ကသိုလ်များအား အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုနိုင်ရန်၊ သင်ကြားသင်ယူရေး၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိနေပြီး တက္ကသိုလ်များဘက်မှလည်း အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာအတတ် ပညာရှင်များ တိုးတက်ပေါ်ထွန်းလာစေရေးကို စီမံချက်များချမှတ်၍ နိုင်ငံတော်လိုအပ်ချက်၊  ဒေသလိုအပ်ချက်နှင့်အညီ ဦးစားပေးအလိုက် ညီညီညွတ်ညွတ် ပွင့်လင်းမြင်သာစွာ အင်တိုက် အားတိုက် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

            ထို့နောက် အမြဲတမ်းအတွင်း၀န် ဦးကျော်စွာစိုးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဒုတိယပါ မောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ မိမိတို့တက္ကသိုလ်အလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

            ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် တက္ကသိုလ်အလိုက် ရေးဆွဲထားသည့် Charter အလိုက် လုပ်ငန်းများဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ ပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် ဘွဲ့လွန် သင်တန်းများ၊ ပညာရပ်တစ်ဆင့်မြှင့်တင်ပေးသည့် သင်တန်းများစေလွှတ်ခြင်း၊ အပြောင်းအရွှေ့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တက္ကသိုလ်များအတွက် ဝန်ထမ်းများညှိနှိုင်းဖြည့်ဆည်းပေးရေးကိစ္စ၊ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ရေးကိစ္စ၊ အချိန်ပိုင်းနည်းပြ ခန့်အပ်လိုခြင်း တင်ပြသည့်ကိစ္စ၊ သင်ကြားရေးဝန်ထမ်းများ၏ ရာထူးတိုးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးကို ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.