မြန်မာနိုင်ငံပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအားတွေ့ဆုံဆွေးနွေး


Date : 27 April, 2016

????????????????????????????????????

????????????????????????????????????

နေပြည်တော်၊ ဧပြီ ၂၇

ပညာဝန်ရေးကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူ များသည် ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့ နေ့လည် (၂)  နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံနိုင်ငံအမတ်ကြီး H.E. Mr. Mark McDowell နှင့် ညနေ (၄) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံအမတ်ကြီး H.E. Mr. Peter Lysholt Hansen နှင့် အဖွဲ့အားလည်းကောင်း၊ ဧပြီလ (၂၂) ရက်နေ့ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊  နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသံအမတ်ကြီး H. E. Mr. Lee Baek Soon၊ နေ့လည် (၁) နာရီတွင် Asia Development Bank-ADB ၏ Myanmar Resident Mission မှ Country Director Dr. Winfried F. Wicklein နှင့် နေ့လည် (၃) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး H.E. Mr. Alcides G.R.Prates တို့အားလည်းကောင်း နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 



Bookmark the permalink.

Comments are closed.