National Spatial Data Infrastructure – NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး


Date : 20 May, 2016

????????????????????????????????????

????????????????????????????????????

ပညာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry – METI) တို့မှကြီးမှူးပြီး ဂျပန်နိုင်ငံ၊ Center of the International Cooperation for Computerization – CICC ဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော National Spatial Data Infrastructure – NSDI စီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် NSDI စနစ်သည် ဝန်ကြီးဌာနအသီးသီး မှ ဆောင်ရွက်မည့် စီမံကိန်းများအချင်းချင်းအကြား မူဝါဒညှိနှိုင်းဖော်ထုတ်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူချောမွေ့စေမည့် Platform အဖြစ် ဆောင်ရွက် ပေးနိုင်ရန်အတွက် ဖော်ဆောင်သည့်စနစ်ဖြစ်ရာ NSDI ကော်မတီက ချမှတ်ထိန်းသိမ်းပေးမည့် Data Sharing မူဝါဒများနှင့်အညီ အစိုးရဝန်ကြီးဌာနအသီးသီးသာမက တိုင်းဒေသကြီး အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများကပါ လိုအပ်သောအချက်အလက်များကို ရယူ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ NSDI စနစ်တွင် Data Infrastructure သည် အစိတ်အပိုင်း တစ်ခုသာလျှင်ဖြစ်ပြီး စနစ်တစ်ခုလုံးချောမွေ့စွာ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ကော်မတီကချမှတ်ပေးမည့် Data Sharing မူဝါဒများစသည့် အခြားအစိတ်အပိုင်းများစွာလည်း လိုအပ်မည်ဖြစ်သောကြောင့် ဝန်ကြီး ဌာနများအကြား သတင်းအချက်အလက်စီးဆင်းမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေးသည် အထူးအရေးပါ လိုအပ်လျက်ရှိသဖြင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။

     ထို့နောက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry – METI) မှ တာဝန်ရှိသူ Mr. Yutaka Endow က အမှာ စကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ NSDI Office တည်ထောင်ဖွင့်လှစ်နိုင်ရေး အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီများ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ၊ METI နှင့် CICC တို့မှ တာဝန်ရှိသူများက ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.