အပြည်ပြည်ဆိုင်ရာ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်းအတွက် စည်းမျဉ်းဥပဒေရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 24 May, 2016

IMG_0232-2

ပညာရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာန အမျိုးသားနျူကလီးယား လုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့တို့ကြီးမှူး၍ အပြည်ပြည် ဆိုင်ရာ နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်းအတွက် စည်းမျဉ်း ဥပဒေ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (International Safeguards Regulatory Workshop) ကို ၂၀၁၆ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပပြုလုပ်သည်။

            အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက်နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်အား အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် အဏုမြူစွမ်းအင်ဦးစီးဌာနမှ ရေးဆွဲနေသည့် Nuclear Safety Law နှင့် ဆက်စပ်သည့် Regulation များ ရေးဆွဲရာတွင်လိုအပ်သည့် အခြေခံအချက်အလက်များ အားရှင်းလင်း ဆွေးနွေး၍ လက်တွေ့ရေးဆွဲရာတွင် သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက်များ အပေါ် ညှိနှိုင်း၍ အကြံပြုကြမည်ဖြစ်ပါသည်။

            အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမေရိကန်ပြည်ထောင်စုမှ ကျွမ်းကျင်သူ(၄)ဦးနှင့် အဏုမြူစွမ်းအင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်မောင်လတ် ဦးဆောင်သော ဘာသာရပ်ဆက်စပ်နေသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ အကောက်ခွန်ဦးစီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့သည်။

            အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံမှ ရေးဆွဲနေသည့် နည်းဥပဒေများ ပြုစုရာတွင် အထောက်အကူပြုနိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ၏ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက်နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများတွင်  နျူကလီးယားလုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများအား ပိုမိုနားလည်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.