စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့(Board of Institute)၏ ဒုတိယအကြိမ် အစည်းအဝေး


Date : 7 June, 2016

????????????????????????????????????

????????????????????????????????????

စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(Singapore-Myanmar Vocational Training Institute-SMVTI) ကျောင်းအုပ်ချုပ်ရေးအဖွဲ့ (Board of Institute) ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီတွင် ပညာရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စင်ကာပူသမ္မတနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ H.E. Mr. Ong Ye Kung တို့ ဦးဆောင်သော စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံမှ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မှ စင်ကာပူသမ္မတနိုင်ငံနှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ အဆိုပါသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေးသင်တန်းများလည်း ပို့ချနိုင်ခဲ့ ပါကြောင်း၊ သင်တန်းကျောင်းတွင် သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အစစအရာရာကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် စင်ကာပူအစိုးရနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံ ပညာရေးဝန်ကြီးများဦးဆောင်သော ကျောင်းအုပ်ချုပ် ရေးအဖွဲ့ဝင်များမှ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည့်အပြင် အဆိုပါသင်တန်းကျောင်းနှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.