နည်းပညာနှင့်သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးပညာအထောက်အကူပြုစက်ပစ္စည်းများ လွှဲပြောင်းပေးအပ်


Date : 30 June, 2016

New Picture (2)

နေပြည်တော်၊ ဇွန် ၂၉
မြန်မာနိုင်ငံ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Zhejiang Yalong Educational Equipment Joint-Stock Co.Ltd မှ လှူဒါန်းသည့် သက်မွေးပညာအထောက်အကူပြုစက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (လက်ပံတန်း) တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းကကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊ ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးနှင့် ASEAN-China Center Secretary-General Madame Yang Xiuping တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ပြီး Zhejiang Yalong Educational Equipment Joint-Stock Co.Ltd မှ Manager၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ ဖလှယ်ရေး အစီ အစဉ်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် Zhejiang Yalong Educational Equipment Joint-Stock Co.Ltd မှ လှူဒါန်းသော နည်းပညာနှင့်သက်မွေးပညာ သင်ကြားရေးအထောက်ကူပြု Electronic Technology Training Assessment Device လက်တွေ့လုပ်ငန်းသုံးပစ္စည်း (၁၀) စုံအား ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း၊ မော်လမြိုင်၊ မကွေး) ကျောင်းတို့၌ တပ်ဆင်ပြီးဖြစ်သည့်အပြင် သင်ထောက်ကူ ပစ္စည်း များဖြင့် ကျွမ်းကျင်စွာ အသုံးပြုသင်ကြားနိုင်ရန် သက်ဆိုင်ရာ ကျောင်းအသီးသီးမှ စုစုပေါင်းဆရာ၊ ဆရာမ (၂၀) ဦးအား တရုတ်နိုင်ငံတွင် (၁) လကြာ သင်တန်းပို့ချပေးခဲ့ပြီး အဆိုပါ ပစ္စည်းများနှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

New Picture (1)



Bookmark the permalink.

Comments are closed.